Search This Blog

ပုံများ ကို ပို့စ် (post ) အလိုက်ဆက်လက်ကြည့်ရှု့နိုင်ရန် more photo အား နှိပ်၍ ဆက်လက်ကြည့်ရှု့နိုင်ပါသည် ။ Page ပေါ်တွင် post များဖြင့် ရှည်လျားနေမည်ဖြစ်ပါသောကြောင့် post အလိုက် နမူနာ တစ်ပုံစီသာ တင်ပေးထားခြင်းဖြစ်ပါသည် ။ အားပေးလာရောက်သူများအား ကျေးဇူးတင်ရှိပါသည် ။

Friday, April 6, 2012

ပွဲတက်ဂါဝန်အတွက် လည်ပင်းပုံစံများ



       ပွင့်လင်းရာသီရောက်လာတဲ့အခါ ညစာ စားပွဲတွေ၊ ဧည့်ခံပွဲ တွေတက်ရောက်ဖို့ ပွဲတက်ဂါဝန်တစ်ထည်လောက် လိုအပ်ပါတယ်။   ဂါဝန်တစ်ထည်မှာ လည်ပင်းပုံစံကလည်း အရေးကြီးတဲ့အတွက်   ကိုယ်နဲ့လိုက်ဖက်တဲ့ လည်ပင်းပုံစံမျိုးကို ဂါဝန်ဝယ်ရာ၊ ချုပ်ရာမှာ ရွေးချပ်နိုင်ဖို့ အကြံပေးချက်တခိျု့ကို ဖော်ပြလိုက်ပါတယ်။
Jewel
ဆွဲကြိုးတွေဆွဲထားသလို လည်ပင်းရဲ့ အောက်ခြေတစ် လျှောက်ဝိုက်သွားတဲ့ လည်ပင်းပုံစံပါ။ ရင်ဘတ်နေရာကို အာရုံ စိုက်စေနိုင်တဲ့အတွက် ရင်သားပြားသူတွေ ရင်သားမို့ မောက် သယောင် ထင်မှတ်စေပါတယ်။ နဂိုကတည်းက ရင်သား ပြည့်ဖြိုးသူတွေဆို မဝတ်သင့်ပါ။
Queen Anne
လည်ပင်းဘေဘက်နဲ့ အနောက်ဘက်ကုပ်တွေမှာ ကော်လာအထောင်နဲ့ အရှေ့ဘက်မှာတော့ ခပ်ပြေပြေလေးဆင်း လာကာ ရင်ဘတ်မဟိုက်တဲ့ လည်ပင်းပုံတစ်မျိုးပါ။ ဘယ်လို ကိုယ်လုံးနဲ့မဆို လိုက်ဖက်အဆင်ပြေစေပါတယ်။ လည်ပင်းနဲ့ ကိုယ်လုံးကို ရှည်သွယ်စေနိုင်ပါတယ်။

Strapless
ကြိုးလုံးဝမပါတဲ့ ကြိုးပျောက်ပုံစံဖြစ်တဲ့အတွက် လှပတဲ့ လက်မောင်းသားတွေ၊ ညှပ်ရိုးတွေကို ပေါ်လွင်စေပါတယ်။ ရင်သားပြည့်ဖြိုးသူတွေ၊ ပခုံးကျယ်သူတွေ၊ ခါသးတင်ကား သူတွေ၊ ကိုယ်လုံးကြီးထွားသူတွေနဲ့လည်း လိုက်ဖက်ပါတယ်။ ရင်သားပြားကပ်တဲ့သူတွေ ရှောင်ရှားသင့်တဲ့ လည်ပင်းပုံစံပါ။
Portrait
ပခုံးလျှောလည်ပင်းကျယ်လိုပဲ ဒီလည်ပင်းပုံစံကလည်း ပခုံးထက်မှာ သွားချိတ်ထားကာ လည်ပင်းခပ်ကျယ်ကျယ်ပုံစံ မျိုးပါ။ လက်မောင်းကြီးသူတွေ၊ ညှပ်ရိုးထင်ရှားလှပသူတွေနဲ့ သင့်တော်ပါတယ်။
Scoop
ဒီလည်ပင်းပုံကတော့ ခပ်ဟိုက်ဟိုက်နဲ့ အင်္ဂလိပ်အက္ခရာ့  (U) ပုံသဏ္ဌာန်ရှိတဲ့အတွက် ရင်ဟိုက်မဝတ်ရဲသူတွေအတွက် မသင့်တော်ပါ။ ကိုယ်လုံးကြီးထွားသူ၊ ပခုံးကျယ်၊ ရင်သား ပြည့်ဖြိုးသူတွေ သင့်တော်ပါတယ်။

V-neck
အင်္ဂလိပ်အက္ခရာ (V) ပုံသဏ္ဌာန် ရှိတဲ့ လည်ပင်းပုံကတော့ ကိုယ်လုံးကိုယ်ပေါက် အတော်များများနဲ့ လိုက်ဖက်ပါတယ်။ ကိုယ်လုံးကြီးထွားသူတွေ၊ ခါသးရင်ချီ ကိုယ်လုံးရှိသူတွေနဲ့ အထူးလိုက်ဖက်ပါတယ်။ ရင်သားသေးသူတွေနဲ့ ရင်သား အရမ်းကြီးသူတွေ (Size C ထက်ကြီးသူတွေ) ရှောင်ရှားသင့်တဲ့ လည်ပင်းပုံစံပါ။
Asymmetric
ပခုံးတစ်ဖက်ပေါ်တင်ထားပြီး တစ်ဖက်က လက်လုံးဝမရှိ ဒါမှမဟုတ် ကြိုးတစ်ချောင်းလောက်ပဲရှိတဲ့ ပုံစံမျိုးပါ။ ညှပ်ရိုး လှပသူတွေအတွက် သင့်တော်ပေမယ့် ပခုံးကျယ်တဲ့သူတွေ အတွက်တော့ အဆင်မပြေပါဘူး။
Off the Shoulder
ဒီလည်ပင်းပုံစံဟာ ပခုံးပေါ် ခပ်လျှောလျှောတင်ထားတဲ့ လည်ပင်းခပ်ပြဲပြဲ ပုံစံပါ။ ညှပ်ရိုးနဲ့ ပခုံးသားပေါ်လွင်စေပါတယ်။ ဘယ်လိုကိုယ်လုံးနဲ့မဆိုလိုက်ဖက်ပေမယ့် ပခုံးကျယ်သူတွေနဲ့ လက်မောင်းကြီးသူတွေအတွက်တော့ မသင့်တော်ပါ။ ရင်သား လှပကြီးထွားသူတွေ၊ ခါးသေးတင်ကားသူတွေနဲ့ အထူးလိုက် ဖက်သလို ကိုယ်လုံးပုပုသေးသေးလေးတွေနဲ့လည်း လိုက်ဖက် ပါတယ်။

Halter Top
လက်မောင်းတစ်လျှောက် အပေါ်တက်လာပြီး ကုပ်မှာ ပြန်သိုင်းသွားတဲ့ ပုံစံမျိုးပါ။ အနောက်ဘက်မှာ ကျောဟိုက်နိုင် တဲ့အတွက် ကျောပြင်အလှကို ပေါ်လွင်စေလိုသူတွေ ဝတ် သင့်ပါတယ်။ ပခုံးကြီးသူတွေနဲ့ မသင့်တော်ပါ။
Bateau
ဒီလိုလည်ပင်းခပ်ပြဲပြဲပုံစံဟာ ညှပ်ရိုးတစ်လျှောက် ဝိုက် သွားတဲ့ ပုံစံမျိုးပါ။ ကန့်လန့်ဖြတ်တည့်တည့်ရှိတဲ့ လည်ပင်းပုံ ဖြစ်ပြီး အရှေ့နဲ့အနောက် အဟိုက်တူတူပါပဲ။ ဒီလည်ပင်းပုံက ရင်သားသေးငယ်သူတွေနဲ့ သင့်တော်ပြီး ရင်သားပြည့်ဖြိုး လာသယောင် ထင်မှတ်စေနိုင်ပါတယ်။
Square
စတုရန်းတစ်ဝက်ပုံစံရှိတဲ့ လည်ပင်းမျိုးပါ။ ရင်သားပြည့်ဖြိုး လှပသူတွေအတွက် သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လည်ပင်းက အပိတ်ကြီးလည်းမဟုတ်သလို အဟိုက်ကြီးလည်း မဟုတ်တဲ့ အတွက်ပါ။
Sweat Heart
ရင်သားလိုင်းတစ်လျှောက် နှလုံးပုံစံရှိတဲ့ လည်ပင်းပုံစံပါ။ ကြိုးပါတာလည်းရှိသလို ကြိုးမပါတာလည်းရှိပါတယ်။ ရင်သား လှပပြည့်ဖြိုးသူတွေနဲ့ သင့်တော်ပါတယ်။
csno.jpgmmm.jpgMoeHeyKo.jpgtrs.jpg
ဒေါက်တာနုမြတ်
The Chic Magazine

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...