Search This Blog

ပုံများ ကို ပို့စ် (post ) အလိုက်ဆက်လက်ကြည့်ရှု့နိုင်ရန် more photo အား နှိပ်၍ ဆက်လက်ကြည့်ရှု့နိုင်ပါသည် ။ Page ပေါ်တွင် post များဖြင့် ရှည်လျားနေမည်ဖြစ်ပါသောကြောင့် post အလိုက် နမူနာ တစ်ပုံစီသာ တင်ပေးထားခြင်းဖြစ်ပါသည် ။ အားပေးလာရောက်သူများအား ကျေးဇူးတင်ရှိပါသည် ။

Friday, April 6, 2012

ခရစ္စတီးနား


ခရစ္စတီးနား


ခရစ္စတီးနား ရဲ့ အိမ်

အိမ် . . . တဲ့။ အဲဒီ ဝေါဟာရကို ကြားလိုက်ရရင်ဖြင့် ရင်ထဲမှာ ငြိမ်းချမ်းသွားသလိုပါပဲ။  မိသားစုရဲ့ အငွေ့အသက်တွေ၊ ကိုယ်နဲ့ အမြဲတစေ ထိတွေ့နေရတဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ၊ နောက်ပြီး ကိုယ့်ရဲ့ လုံခြုံနွေးထွေးမှုကို ပေးနိုင်တဲ့ စိတ်ခံစားချက်တွေ ရောယှက်ပါနေတာက. . . အိမ် . . ဆိုတဲ့ ဝေါဟာရလေးပဲပေါ့။ ဘယ်လောက်ပဲ ဝေးကွာတဲ့ နေရာဒေသကို ရောက်ရှိနေပါစေ။ အိမ်ဆိုတဲ့ . . . ကွန်းခိုရာ နေရာလေးကိုတော့ ရောက်အောင် ပြန်ချင်ကြစမြဲပါ။ ဒါကြောင့် သူတို့ နေထိုင်တဲ့ အိမ်ကလေး ဒါမှမဟုတ် အိမ်ခန်းကလေးအကြောင်း တဖွဲ့တနွဲ့နဲ့ ပြောပြဖို့အတွက်ကိုတော့ အနုပညာရှင်တွေကို အကူအညီတောင်းခဲ့ရပါတယ်။ အခုတစ်ပတ်မှာ အိမ်အကြောင်း ဖွင့်ဆိုမယ့် အနုပညာရှင်က ခရစ္စတီးနားပဲ ဖြစ်ပါတယ်။
ခရစ္စတီးနား


အိမ်ဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်ချင်လဲ
အိမ်ဆိုတာ အရိပ်အာဝါသပေးတဲ့ နေရာပေါ့။ ပြီးတော့ လူတစ်ယောက်ရဲ့ ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အရာပေါ့။ အိမ်တစ်လုံး ရှိနေရင် လူတစ်ယောက်အတွက် နားခိုစရာ၊ စိတ်အပန်းဖြေစရာ နေရာလေး တစ်ခုလို့ ထင်တယ်။ ဘယ်လောက်ကောင်းတဲ့ နေရာတွေပဲသွားသွား အချိန်တန်ရင် အိမ်ပြန်ချင်တယ်ဆိုတဲ့ စကားလည်း ရှိတယ်လေ။ အဲဒါကြောင့် အိမ်ဆိုတာ အရေးကြီးပါတယ်။
ခုလက်ရှိ အိမ်ကိုရော ကြိုက်လား
ခုလက်ရှိအိမ်ကိုတော့ စိတ်တိုင်းကျပါတယ်။
Decoration လုပ်ချင်တာဆိုရင်
ခုလက်ရှိ လုပ်ထားတာက ခရစ္စကိုယ်တိုင် စိတ်ကြိုက် အရောင်လေးတွေကအစ လုပ်ထားတဲ့ ပုံစံပေါ့၊ စိတ်ကူးထဲမှာ ပြင်ချင်တာလေးတွေတော့ ရှိတော့ ရှိပါတယ်။ နံရံမှာ ပန်းကနုတ်လေးတွေ Wallpaper လေးတွေ ကပ်ချင်တယ်။
သဘောကျပြီး နေချင်တဲ့အိမ်ဆိုရင်
ဒီထက်ကျယ်ပြီး ကြီးတဲ့ ချစ်စရာကောင်းတဲ့ ခြံလေးနဲ့ ဝန်းလေးနဲ့ အိမ်မျိုးမှာ မိသားစု စုံစုံညီညီနဲ့ နေချင်တယ်။
သီရိဂေဟာ ဖြစ်ဖို့ဆိုရင်
သီရိဂေဟာ ဖြစ်ဖို့ဆိုရင် သီးသန့်ဆန်ရမယ်။ မဟာဆန်ရမယ်။ အဲဒီလို အိမ်ဂေဟာကြီး တစ်ခုလို့ အဓိပ္ပါယ်ဖွင့်ချင်တယ်။ ပြီးတော့ အဓိကက မိသားစု အားလုံး စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီ ရှိရမယ်။ ပြီးတော့ အေးချမ်းတဲ့ အိမ်လေး ဖြစ်ရမယ်။ မိသားစုမှာ တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြဘူးဆိုရင် ဘယ်တော့မှ အေးချမ်းတဲ့ အိမ်ဖြစ်မှာ မဟုတ်ဘူး။ အိမ်ဆိုတာ သီရိဂေဟာ ဖြစ်ဖို့ဆိုရင် အေးချမ်းနေရမယ်။
မြတ်သူအောင်၊ ဓာတ်ပုံ – မြတ်သော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...